ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
(၁၀.၁၀.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၁၇.၁၀.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း)တစ်အိတ် ၆၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၅၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀ဝကျပ် နှင့်ဖွဲနုတစ်အိတ် ၁၈၀၀ကျပ်ဈေးကျ၍ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀ဝကျပ်နှင့် ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ကျပ် ဈေးများမြင့်တက်ကာ ဆန်ကွဲB(1,2)ဈေး တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်း ဖြစ်ပြီး ဧည့်မထဆန်(မနောသုခ)(သစ်)နှင့် ပေါ်ဆန်းမွှေးဆန်ဈေးမြင့်တက်သွားခြင်းမှာ ကုန်ကြမ်းနည်း ပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်း ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိ ရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့